ပန်းခရေ အသင့်ချက် ငါးခူမုန့်ဟင်းခါး အနှစ်ထုပ် 210g
ပန်းခရေ အသင့်ချက် ငါးခူမုန့်ဟင်းခါး အနှစ်ထုပ် 210g
မုန့်ဟင်းခါးချက်နည်း
ငှက်ပျောအူများကို ရေနွေးစိမ်ထားပါ။ (အချိန်ကြာကြာ စိမ်က ပို၍နူးညံ့ပါသည်။) ရေ ၂ လီတာ အသုံးပြုရပါသည်။ ရေလီတာဝက်နှင့် ဆန်လှော်မှုန့်ကို စိမ်ထားပါ။ ရေ ၁ လီတာခွဲကို ဆူအောင်တည်ပြီး ဆူလာလျှင် ဖျော်ထားသော ဆန်လှော်၊ စိမ်ထားသော ငှက်ပျောအူနှင့် ကြက်သွန်ဥနီလေးများ တခါတည်း ထည့်ပြုတ်ပါ။ ဆန်လှော်များပွလာလျှင် ငံပြာရည် အနှစ်ထုပ်ထည့်ပါ။ ငါးဆီသပ်အထုပ်ကို ထည့်ပါ။ (ငါးဆီသပ် အထုပ်ကို ကြာရှည်ခံအောင် လေစုပ်ထည့်ထားပါသဖြင့် အတုံးအခဲ ဖြစ်နေတတ်ပါသည်။ ငါးဆီသပ်ထဲ ဟင်းရည်အိုးမှ ဟင်းရည်အနည်းငယ် ခပ်ထည့်ပြီး ပျော်အောင်ချေပြီးမှ ဟင်းရည်အိုးထဲခပ်လျှင် ပိုအဆင်ပြေပါသည်။) ပွက်ပွက်ဆူလာလျှင် ငရုတ်ကောင်းမှုန့်ခပ်ပါ။ကြက်ဥ၊ ဘဲဥပြုတ်ထည့်ပါ။ စပါးလင် တစ်ချောင်းထုစည်းထည့်လျှင် ပိုမိုလတ်ဆတ်သော မွှေးရနံ့ကို ရစေပါသည်။
မုန့်ဟင်းခါး အနှစ်ထုပ် တစ်ထုပ်ချက်လျှင် မုန့်ဟင်းခါး ၇ ပွဲစာ ဟင်းရည်ရပါသည်။ မုန့်ဖတ် ၅၀ သားနှင့်တွဲစားနိုင်ပါသည်။ ငါးခူငါးတစ်မျိုးတည်းသာ အသုံးပြုပါသည်။ စားအုန်းဆီ၊ အချိုမှုန့် လုံးဝ အသုံးမပြုပါ။ ကြာရှည်ခံအောင် ဓာတုပစ္စည်း လုံးဝ အသုံးမပြုထားပါ။ အခန်းအပူချိန်အတိုင်းအပြင်တွင် ၁ လ အထားခံပါသည်။ ရေခဲသေတ္တာအခဲခန်းတွင် ထည့်ထားပါက စိတ်ကြိုက်ထားနိုင်ပါသည်။