ခင်သူ မုန့်ဟင်းခါး (မုန့်ဖတ် ၅၀ ကျပ်သားနှင့် တွဲဖက်စားသုံးနိုင်ပါသည်။)
ခင်သူ မုန့်ဟင်းခါး (မုန့်ဖတ် ၅၀ ကျပ်သားနှင့် တွဲဖက်စားသုံးနိုင်ပါသည်။)
ချက်ပြုတ်ရန်အညွှန်း
* ရေ ၁ လီတာခွဲကို ကြက်သွန်နီဥ အနေတော် ၅ လုံးဖြင့် ဆူပွင့်အောင် ကျိုပါ။
* ရေတည်ထားချိန်တွင် ဆန်လှော်မှုန့်နှင့် ပဲမှုန့်ကို ရေအေးအနည်းငယ်ဖြင့် ကြေညက်အောင် ဖျော်ထားပေးပါ။
* ရေဆူပွက်လာလျှင် ငံပြာရည် (ထမင်းစားဇွန်း နှစ်ဇွန်း) နှင့် ငါးအသားခြောက်မှုန့်ကို ထည့်ပြီး မွှေပေးပါ။
* ဟင်းအိုးထဲတွင် ငါးအသားမှုန့်လေးများ ဆူပွက်လာပြီး မွှေးလာလျှင် မြေပဲထည့်ပါ။ (မြေပဲနှင့် ဓါတ်မတည့်သူများ မထည့်ပဲစားသုံးနိုင်ပါသည်။)
* အသင့်ဖျော်ထားသော ပဲမှုန့်နှင့် ဆန်မှုန့်အရောကိုထည့်ပြီး ဆက်လက်မွှေပေးပါ။
* မုန့်ဟင်းခါးရနံ့လေး မွှေးလာလျှင် ကြက်သွန်ဖြူကြော်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပြီး အချိန် ၁၀ မိနစ်ခန့် ကျိုပေးလျှင် စားသုံးရန်အတွက် မွှေးကြိုင်သည့် မုန့်ဟင်းခါးဟင်းရည်ကို ရရှိမည် ဖြစ်ပါသည်။ ဟင်းရည်အပျစ်အကျဲကို မိမိစိတ်တိုင်းကျ ပြုပြင်နိုင်ပါသည်။